ဘာတွေဖြစ်အုံးမလဲ..

Sunday, November 1, 2009

လူမိုက်တွေချမ်းသာနေသတဲ့…လူကောင်းတွေဆင်းရဲဒုက္ခခံစားနေရသတဲ့….
ဒီလိုမမျှတမှုတွေဖောင်းပွနေတဲ့ဒီကမ္ဘာကြီးအတွက်….တရားမျှတသွားမယ့်
စီရင်ချက်တခု…..မနက်ဖြန်တွေမသေချာတော့ယုံကြည်ခြင်းမယုံကြည်ခြင်း
ဟာ…မနက်ဖြန်မှာအဖြေပေါ်လာမယ်ထင်ရဲ့။

တကယ်လို့များဒါဟာတကယ်ဖြစ်မယ်ဆိုရင်……

၁)ဘယ်သူတွေနဲ့ရှိနေချင်လဲ
သိပ်ကိုရိုးစင်းမယ့်အဖြေပါ…ကျွန်မရဲ့ချစ်သူနဲ့ပေါ့

၂)ဘာတွေခံစားနေရမလဲ
နောက်ဆုံးချိန်ထိတွဲထားမယ့်လက်တစုံအတွက်…ကြည်နူးစွာရင်ခုန်နေမယ်
(အချစ်ကိုအစာမကြေသူများမျက်မုန်းကြိုးမယ့်အဖြေပါ..:P)

၃)ဘာတွေပြင်ဆင်ထားမလဲ
ထွေထွေထူးထူးတွေမလိုအပ်လောက်ပါဘူး….ထုံးစံအတိုင်းချောင်ကပ်ပြီး
တွေးချင်ရာတွေးနေလိမ့်မယ်….

၎)ဝမ်းနည်းမိမှာက
အတူရှိနေခဲ့ကြတဲ့အချိန်တွေအကြောင်းတွေးရင်……

၅)ကြောက်လန့်မိတာက
နောင်ဘဝတကယ်ရှိလာမှာ…..

၆)ဆောင်ထားချင်တာ
မွှေးပွရုပ်ကလေးတရုပ်လောက်.....

၇)ဘာတွေရေးမိမလဲ
ချစ်သူသို့..သေတမ်းစာတစောင်

၈)တွေးမိတွေးရာအတွေး
ကမ္ဘာသစ်တခုမှာ…ကြယ်ပျကလေးပဲဖြစ်ဖြစ်..တိမ်တဆုပ်ပဲဖြစ်ဖြစ်
ဖြစ်ခွင့်ရဖို့…

၉)ဂုဏ်ယူချင်တာက
အမိအဘကိုမသေမချင်းလုပ်ကျွေးခွင့်ရလို့

၁၀)ရှာကြံဖြေသိမ့်မိတာက
အချစ်ဆိုတာလူချင်းမပေါင်းစပ်ရလဲ ချစ်နေခွင့်ရှိတာပဲ

၁၁)ကျူးရင့်ချင်တဲ့ဥဒါန်း
ကမ္ဘာသစ်မှာလူကောင်းသူကောင်းများကြီးစိုးနိုင်ပါစေ

၁၂)မှာချင်တဲ့မှာတမ်း
ငါ့ကိုမမေ့ပါနဲ့…….(:D)

P.S ဒီပို့စ်လေးက ချစ်မမအိန္ဒြာနှင့်ချစ်မမနှင်း.. တို့အတွက်ပါ..။။။


အမရာ

စိတ်ကဗျာ

Tuesday, October 27, 2009

စိတ်တွေကိုအဆင်ပြေသလိုခင်းကျင်းလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး…..
စိတ်တွေကိုငိုတတ်သလိုငိုချခွင့်ပေးလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး….
အလေအလွင့်အတွေးတွေကိုရိုးသားခွင့်ပေးလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး….

ငိုနေသလား ၊ ပျော်နေသလား
ကြေကွဲနေသလား ၊ ဆွေးနေသလား
မျှော်လင့်နေသလား ၊ ဥပေက္ခာပြုထားသလား

စိတ်တွေကိုအဲဒီမှာဖတ်ပါ
စိတ်တွေကိုကဲ့ရဲ့ပါ
စိတ်တွေကိုအပြစ်တင်ပါ
စိတ်တွေကိုရှုံ့ချပါ
စိတ်တွေကိုဝေဖန်ပါ
စိတ်တွေကိုချီးမွမ်းပါ

လွတ်လပ်စွာကွဲလွဲပါ
သနားတတ်တဲ့အကြည့်တွေကိုတော့ထိန်းသိမ်းပါ
ကြံ့ခိုင်နေပါအုံးမယ်..


အမရာ

စက်ဆုပ်ခြင်း

Saturday, October 24, 2009

လွတ်လပ်တဲ့ငှက်တကောင်အတွက်
အချိန်ကုန်တာပိုမြန်တတ်သလား
မထည့်ကြပါနဲ့…..
အိုး…မုန်းစရာလှောင်ချိုင့်ထဲ
အပေးအယူတွေပြီးခဲ့ပြီလား
လွတ်လပ်ခွင့်တွေ အဲဒီလောက်မြန်သလား
အကျဉ်းကျဖို့အဲဒီလောက်တန်သလား

အိပ်စ်ကယူ့စ်စမီ ၊ သင့်ခ်ယူ
တွင်တွင်သုံးပါ ၊မျက်နှာကိုပြုံးပါ
မျက်လုံးတွေကတော့အသက်မဲ့လို့
အာရုံတွေကအိမ်ပြန်သွား
ခန္ဓာသက်သက်ကအဲဒီမှာ

မပြုံးချင်ပဲပြုံးပြရဖို့ အပြုံးတု
မဖြေချင်ပဲဖြေရဖို့ အဖြေတု
မလုပ်ချင်ပဲလုပ်ရဖို့ အလုပ်တု

တဆိတ်လောက်……
လွတ်လပ်စွာတွေးခေါ်ခွင့်ပြုပါ
လွတ်လပ်စွာပြုမူခွင့်ပြုပါ
လွတ်လပ်စွာပြုံးရယ်ခွင့်ပြုပါ

မရုန်းထွက်နိုင်သေးသမျှ
စိတ်တွေပဲပင်ပန်းကြ
အံတွေပဲပွန်းပဲ့ရ
ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ
ငါ့အစားစက်ရုပ်တရုပ်စတေးပါ

နောင်ဘဝကိုယုံကြည်ကြသူများ…..
အကယ်၍လူတခါဖြစ်ခွင့်ရရင်
ခေတ်သစ်ကျွန်မဖြစ်ချင်ကြနဲ့။။။


အမရာ

အခွင့်ရှိရင်.....

Friday, October 16, 2009

အဲဒီ..တောင်ကုန်းလေးထိပ်မှာ
မါးမါးရပ်ပြီးရင်ကော့ထားမယ်
လက်နှစ်ဖက်ဆန့်တန်းထားမယ်
ကောင်းကင်ကြီးကို တရစပ်မော့ကြည့်မယ်
စိတ်တွေတိမ်ပေါ်ခုန်တက်ကောင်းတက်မယ်
ဒါမှမဟုတ်ရင်..ကမူးရှုးထိုးပျံတက်ချင်တက်မယ်

အဲဒီ့..ငါ့တကိုယ်စာဝေဒနာတွေ
ဓားထက်ထက်နဲ့လှီးထုတ်ပစ်ချင်တာ
အခွင့်မရှိသေးပါ……..

တိမ်တွေလိုလွင့်ချင်တယ်…
တိမ်တွေကပြောတယ်
လွင့်နေတာ..မင်း..တဲ့
ဒါဆို…ဟိုးခပ်ဝေးဝေးထိလွင့်ချင်သေးတယ်

ဒါဏ်ရာတွေသိမ်းထားတတ်တဲ့အကျင့်ထက်
လွှင့်ပစ်တတ်ချင်တာ……..။။။


အမရာ

E for........အမရာ

Wednesday, October 14, 2009


1. What is your name :Emayar

2. A four Letter Word :Ever

3. A boy's Name :Eden

4. A girl's Name : Effie

5. An occupation :Extra

6. A color :Ecru

7. Something you'll wear : Earring

8. A food : Egg

9. Something found in the bathroom : Eyewash

10. A place : England

11. A reason for being late : Elevator Stopped

12. Something you'd shout : Excuse Me!!!

13. A movie title : Evil Dead

14. Something you drink : Expresso

15. A musical group : Evenescence

16. An animal : Eagle

17. A street name : Elm St.(US)

18. A type of car: Eagle

19. The title of a song : Everyhting I Do

20. A verb :Enjoy!Enjoy!Enjoy!


ဒါလေးကတော့ဗမာလိုလေးပါ.......


၁) နံမည်က ။ ။ အမရာ

၂) ပြောချင်တဲ့စကားလေး လေးလုံးက ။ ။ အရမ်းချစ်တယ်

၃) ကောင်လေးနံမည်က ။ ။ အမောင်

၎) ကောင်မလေးကတော့ ။ ။ အမယ်

၅) လုပ်ချင်တဲ့အလုပ်က ။ ။ အဆိုတော်

၆) အရောင်ထဲမှာတော့ ။ ။ အဖြူရောင်

၇) ဘာဝတ်ထားလဲဆိုတော့ ။ ။ အင်္ကျီ

၈) ဘာအစားအစာကြိုက်လဲဆိုရင် ။ ။ အုန်းထမင်း

၉) ရေချိုးခန်းထဲတွေ့တာ ။ ။ အဝတ်လျှော်စက်

၁၀) နေရာက ။ ။ အမရပူရ

၁၁) ဘာဖြစ်လို့နောက်ကျလဲဆိုတော့ ။ ။ အိပ်မက်မက်နေလို့

၁၂) အော်ချင်နေတာက ။ ။ အားလုံးကိုကျော်ဖြတ်ရမယ်

၁၃) ဇတ်ကားထဲမှာတော့ ။ ။ အမေတခုသားတခု

၁၄) ဘာသောက်ချင်လဲဆိုတော့ ။ ။ အုန်းရည်

၁၅) တီးဝိုင်းနံမည်က ။ ။ အချစ်နတ်သမီးများ

၁၆) တရိစ္ဆာန်နံမည်က ။ ။ အီးဂဲလ်

၁၇) လမ်းနံမည်ကတော့ ။ ။ အနော်ရထာလမ်း

၁၈) ကားက ။ ။ အီးဂဲလ်

၁၉) သီချင်းလေးထဲမှာ ။ ။ အရမ်းလွမ်းနေပြီ (ကိုင်ဇာ)

၂၀) ကြိယာထဲမှာ။ ။ အတည်ပြောတာ

ဒီပို့စ်လေးက..ချစ်မမနော်.ရယ် ကိုလင်းဒီပ ရယ်.ကိုဗညားရှိန် ရယ်အတွက်
တက်ဂ်ပို့စ်လေးပါ........


အမရာ

စိတ်ပြောင်းစိတ်လွှဲ

Monday, October 12, 2009

ငါ့မှာ..
မပျော်စရာတွေများလာရင်
အချိန်တွေအကြောင်းကိုခဏမေ့ထားမယ်
မနေ့ကရခဲ့တဲ့အချိန်တချို့ထဲက
ပျော်စရာအကြောင်းကို
စိတ်တင်းတင်းနဲ့ဆွဲထုတ်မယ်

တကယ်လို့
ငါတို့မှာ….
ဆုံတွေ့ခွင့်တွေရှားပါးတော့မယ်ဆို
မနက်ဖြန်အကြောင်းကိုခဏမေ့ထားမယ်
ရခဲ့တဲ့ဆုံတွေ့ခွင့်တွေထဲမှာမျောမယ်

အချစ်အကြောင်းခဏခဏမပြောချင်ဘူး

ယဉ်ယဉ်လေးပဲရူးချင်တယ်…..။။


အမရာ

ဝေးနေဆဲ

Monday, October 5, 2009

စကားလုံးတွေထွက်ခွါသွားကြတယ်
မင်းနဲ့ဝေးရာဆီတဲ့………..
ဘယ်သွားမယ် ဘယ်လာမယ်
ပြန်လာမယ် ပြန်မလာဘူး
ဟဟတောင်ပြောမသွားခဲ့ကြပါဘူး….

အရှောင်အတိမ်းကောင်းတဲ့စကားလုံးတွေ
လိုက်ရှာလို့လဲမတွေ့ခဲ့ပါဘူး
လိုက်မရှာဖို့လဲပြောမသွားခဲ့ကြပါဘူး

ပုန်းလျှိုးကွယ်လျှိုးစကားလုံးတွေရဲ့နောက်
စိတ်မကျန်းမမာဖြစ်နေတဲ့စကားလုံးတွေရဲ့နောက်
အပြုံးအရယ်မရှိတဲ့စကားလုံးတွေရဲ့နောက်
နေရောင်ကြောက်တဲ့စကားလုံးတွေရဲ့နောက်
မလှမပစကားလုံးတွေရဲ့နောက်
အိပ်မက်တွေမယုံကြည်တဲ့စကားလုံးတွေရဲ့နောက်

ငါက…………
တကောက်ကောက်လိုက်မတဲ့လား
မဟုတ်ဘူး
ငါက……….
အရင်ကတည်းကသွားနှင့်ပြီ။။။

အမရာ

ရင်ဘတ်နဲ့နားထောင်ပါ

Friday, October 2, 2009

ကောင်းကင်ကမ္ဘာ




ဝေဟင်မှာပျံကာဝဲမယ့် မင်းနဲ့တို့နဲ့နှစ်ယောက်တည်းပေါ့
အပြစ်တင်တဲ့ လူတွေကြားကလွတ်အောင်ရုန်းလို့
ယုံကြည်စွာအတူပျံသန်းရင်းတို့နှစ်ယောက်ဘဝတွေ
တည်ဆောက်ကြမယ်အားလုံးခွဲလဲမကွဲတော့ဘူး

ဗီးနပ်စ်ကဝမ်းနည်းလို့အတောင်ပံတွေပေးလိမ့်မယ်..
မိုးသားနဲ့ကောင်းကင်ကြီးထဲ တို့ဝဲလိုက်ကြစို့
ပင်လယ်ပြာတောင်တွေကိုဖြတ်ကာ
တေးသွားလေးတွေသီကျူးရင်း

ယုံကြည်စွာထာဝရမခွဲပဲ တို့ရဲ့လက်တွေခိုင်မြဲလျက်
မုန်းခြင်းတရားတွေ ကွယ်ပျောက်စေ

ဝေဟင်မှာပျံကာဝဲစို့ တို့ရဲ့အချစ်တွေရင်ထဲထည့်လို့
နောက်ကွယ်ကလူတွေပြောလဲပြောကြစမ်းတော့
ကြင်နာသူနင်သာရှိရင်ငြိမ်းချမ်းသွားမယ် တသက်လုံးပေါ့
ခွဲခြားလို့လဲမရတော့ဘူး

ဗီးနပ်စ်ကဝမ်းနည်းလို့အတောင်ပံတွေပေးလိမ့်မယ်.
.မိုးသားနဲ့ကောင်းကင်ကြီးထဲ တို့ဝဲလိုက်ကြစို့
ပင်လယ်ပြာတောင်တွေကိုဖြတ်ကာ တေးသွားလေးတွေသီကျူးရင်း
ဗီးနပ်စ်ကဝမ်းနည်းလို့အတောင်ပံတွေပေးလိမ့်မယ်..
မိုးသားနဲ့ကောင်းကင်ကြီးထဲ တို့ဝဲလိုက်ကြစို့
ပင်လယ်ပြာတောင်တွေကိုဖြတ်ကာ
တေးသွားလေးတွေသီကျူးရင်း
အချစ်သက်သေတွေတည်ဆောက်မယ်


လွမ်းတဲ့ည




အနားမင်းမရှိတဲ့ဘဝ….အလင်းပျောက်သွားတဲ့ည…
အိပ်မက်ဆိုးများမက်သူ…..ကမ္ဘာကြီးကမှောင်သွားပြီ…..
တဖြည်းဖြည်းချင်းနဲ့ဆိုးဝါး…အလွမ်းများနှိပ်စက်ကြ…….
တယောက်ထဲစက္ကန့်တွေရေတွက်ရင်းကြောက်သူ…..
အချိန်တိုင်း……ဒီအာရုံထဲ……
ဘာမှကိုမသေချာခဲ့…..ရင်ထဲတကယ်နာနေတဲ့
ကိုယ့်ကိုမလိုချင်တော့လဲပြောကွယ်……

ငါသိနေတဲ့နာကျင်ခြင်းများစွာငါ့ရင်ထဲ
ဘယ်ဘဝဘယ်ဝဋ်ကျွေးငါပေးဆပ်စရာရှိလို့လဲ
ဒီအချစ်များအစွန်းရောက်ပြီးမရည်ရွယ်ပဲဖြစ်
ငါ့အပြစ်စိတ်ညစ်ရတာပဲကျန်ရစ်
မသိဘူးငါလဲမချစ်ဘူးခဲ့တာအဖြစ်မှန်ပဲ
ငါအကြောက်ဆုံးဘာလဲငါအသဲကွဲမှာစိုးတာပဲ
မှောင်သောကမ္ဘာကြီးငါ့အနားနင်မရှိ
လွင့်မျောနေမိ..တွယ်ရာမဲ့တဲ့ဘဝမှာ
အချိန်များအကြာကြီး….




လမ်းနဲ့အလွမ်း



ဒီမနက်တိုင်းမှာ ငါလေလွမ်းတတ်ခဲ့ပြီပဲ
ဒီမနက်မျိုးလေးမှာလေအချစ်ကခွဲခွါခဲ့
ပြန်တွေ့ဖို့ရာ ငါလေအခုထိမျှော်လင့်ဆဲ
အချစ်များရဲ့ဒါဏ်ရာတွေသာ ငါ့အတွက်ကျန်ရစ်ခဲ့
ငါစောင့်နေတဲ့ဒီလမ်းလေးမှာ အလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာမြူတွေဆိုင်းနေချိန်တိုင်း

စိုနေတဲ့သစ်ရွက်တွေပေါ်လှမ်းလျှောက်ခဲ့တာလည်း
ပြန်မြင်ယောင်ဆဲပဲငါလေနှမြောတသစွာနဲ့
အဆက်စပ်မဲ့ပုံပြင်တွေသာငါ့ရဲ့ရင်ခွင်ထဲ
အခုထိတော့လေရင်မှာလှိုက်ဖိုရင်းနဲ့
ငါစောင့်နေတဲ့ဒီလမ်းလေးမှာအလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာမြူတွေဆိုင်းနေချိန်တိုင်း

ငါစောင့်နေတဲ့ဒီလမ်းလေးမှာအလွမ်းတွေရယ်ရစ်ဝိုင်း
ဒီလမ်းမှာမြူတွေဆိုင်းနေချိန်တိုင်း



ဒီသီချင်းလေးတွေကို..အရမ်းကြိုက်လို့တင်ပေးလိုက်တာပါ.......မူရင်းသီဆိုသူတွေက
တော့ပြောစရာမလိုအောင်ကိုကောင်းကြပါတယ်....ခုသီချင်းလေးတွေကတော့
ဘယ်သူဆိုထားတယ်ဆိုတာ..ပြန်ပြောပြဖို့တော်တော်ခက်ပါလိမ့်မယ်......
ဘာပဲပြောပြောဖြစ်ညှစ်ပီးနားထောင်ပေးကြမယ်လို့ယုံကြည်ပါတယ်.....
ဘယ်သူဆိုထားတယ်ဆိုတာ...မှန်းနိုင်တဲ့သူတွေ...ကျန်းမာလို့ချမ်းသာ
ကြပါစေ....မမှန်းနိုင်တဲ့သူတွေကတော့..သူ့ထိုက်နဲ့သူ့ကံပေါ့(ပျက်လုံးတခု
ကိုသဘောကျလို့ခဏငှားသုံးတာပါ...:P)ဘာဘဲပြောပြော..နားထောင်သူအားလုံးပဲ
ပျော်ရွှင်ကြပါစေ.......

အော်..ပြောစရာကျန်သေးလို့..ဒီနေရာမှာအထူးကျေးဇူးတင်ရမယ့်ချစ်ညီမ

တယောက်ရှိပါတယ်...သူကတော့အားလုံးသိကြတဲ့အတိုင်း..ခပ်ချောချောလေး.....

ချစ်ညီမ သဇင်ဏီ....ဖြစ်ပါတယ်...ဒီသီချင်းလေးတွေကိုတင်ဖို့သူ့ဆီက

အကူအညီတွေအများကြီးယူခဲ့ရပါတယ်...ညီမလေးရေ..ကျေးဇူးပါ..။။

အမရာ